ရွှေတောင်မြို့နယ်တွင် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောသရုပ်ပြပွဲများ ဆက်လက်ဆောင်ရွက်လျက်ရှိ

ရွှေတောင် စက်တင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးသက်ပိုင်ထွန်းလမ်းညွှန်မှုဖြင့် ယမန်နေ့ နံနက်ပိုင်းက သရက်တောရပ်ကွက်၊ (အ.လ.က) ချည်မျှင်ကျောင်းတွင် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောသရုပ်ပြသခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဒုတိယမီးသတ်ဦးစီးမှူး ဦးလှိုင်းကိုကိုက ကျောင်းသား/ ကျောင်းသူ လေးများကို မီးဘေးဆိုင်ရာအသိပညာများ စိမ့်ဝင်ပျံနှံစေရေးအတွက် မီးဘေးအသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယမီးသတ်ဦးစီးမှူး ဦးလှိုင်းကိုကိုနှင့် တပ်ဖွဲ့ဝင်များက ကျောင်းသား/ ကျောင်းသူလေးများအား မီးသတ်ဆေးဘူးဖြင့်ကိုယ်တိုင် လက်တွေ့သရုပ်ပြသခြင်း၊ မီးသတ်ယာဥ်များဖြင့် ရေထွက်သရုပ်ပြသခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး ရွှေတောင်မြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်း၊ အ.ထ.က (ခွဲ) နှင့် အထက်တန်းကျောင်းများ စာသင်ကျောင်းများတွင် အခြေပြုမီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောသရုပ်ပြသမှု ဆောင်ရွက်ချက်များကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)