မင်းဘူး စက်တင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ ကုန်စုံဆိုင်များနှင့် Super Market အရောင်း ဆိုင်များတွင် စားသုံးဆီနှင့် တပ်မတော်ထုတ် စားသောက်ကုန်များကို ကန့်သတ်ရောင်းခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းကို မင်းဘူးခရိုင် စိစစ်ဖော်ထုတ်ကြပ်မတ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းက အဆိုပါ အရောင်းဆိုင်များတွင် သွားရောက်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မင်းဘူးခရိုင် စိစစ်ဖော်ထုတ်ကြပ်မတ်ရေးအဖွဲ့ ဥက္ကဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များက မင်းဘူးမြို့တွင် ရောင်းချလျက်ရှိသော ကုန်စုံဆိုင်များနှင့် Super Market အရောင်း ဆိုင်များတွင် စားသုံးဆီများကို စျေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်း ရှိ/မရှိ၊ တပ်မတော်ထုတ် စားသောက်ကုန်များကို ကန့်သတ်ရောင်းခြင်း ရှိ/မရှိ၊ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချပေးခြင်း ရှိ/မရှိနှင့် ကုန်အညွှန်းအမှတ်အသားများဖြင့် ဖော်ပြပြီး စနစ်တကျ ရောင်းချပေးရေးတို့ကို ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)