မင်းဘူး စက်တင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ပုဂ္ဂလိက စားသုံးဆီအရောင်းဆိုင်များက ဒေသခံပြည်သူများအတွက် စားအုန်းဆီများ ဈေးနှုန်းချိုသာစွာ ရောင်းချပေးနေမှုများကို မင်းဘူးခရိုင်အဆင့်စစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ကြတ်မတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး တင့်ကျော်နှင့် ခရိုင်အဆင့်စစ်ဆေးရေးအဖွဲ့ဝင်များက ဒေသတွင်း စားသုံးဆီဖူလုံ စေရေး၊ စားအုန်းဆီ ဈေးကွက်တည်ငြိမ်ရေး၊ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချစေရေးနှင့် ဈေးနှုန်း မြှင့်တင်ရောင်းချမှုမရှိစေရေးတို့အတွက် ပုဂ္ဂလိက စားသုံးဆီအရောင်းဆိုင်များက စားအုန်းဆီများကို တစ်ပိဿာလျှင် ငွေကျပ် ၄၅၀၀ နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ တိုက်ရိုက်ရောင်းချပေးနေမှုများကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး၊ စားအုန်ဆီခွဲတမ်းများ ထပ်မံရှိရေးနှင့် ဆက်လက်ရောင်းချပေးနိုင်ရေးတို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)