လက်ပံတန်း၌ ကန့်သတ်ကုန်စည်များမှအပ ကုန်ပစ္စည်းများကို ကုန်အမှတ်တံဆိပ်ခွဲခြားရောင်းချခြင်းမပြုရေး စစ်ဆေးဆောင်ရွက်

လက်ပံတန်း စက်တင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်အတွင်းရှိ စတိုးဆိုင်ကြီးများ၊ ကုန်ပစ္စည်းအရောင်းဆိုင်၊ စာသောက်ဆိုင်ကြီးများနှင့် တယ်လီဖုန်းအရောင်းဆိုင်များတွင် ကုန်ပစ္စည်းအမျိုးအမည်များ ခွဲခြားရောင်းချခြင်း၊ ကုန်အမှတ်တံဆိပ်များ ခွဲခြားရောင်းချခြင်းများ ရှိ/ မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် စားသုံးကုန်စည်နှင့် လူသုံးကုန်ပစ္စည်းရောင်းဝယ်သူများနှင့် တွေ့ဆုံ၍ ဥပဒေအရ တားမြစ်ကန့်သတ်ကုန်စည်များ မရောင်းချရေး၊ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန (FDA) မှ  ကန့်သတ်ထားသော ပစ္စည်းများမှလွဲ၍ ကုန်ပစ္စည်းအမျိုးအမည်များ ခွဲခြားရောင်းချခြင်း၊ ကုန်အမှတ်တံဆိပ်များ ခွဲခြားရောင်းချခြင်းများ မပြုလုပ်ရန် ဆွေးနွေးပြောကြားခဲ့သည်။

ယခုကဲသို့ စစ်ဆးခြင်းများကို လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များသို့ အခါအား‌လျော်စွာ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပြီး စစ်ဆေးတွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြာင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)