ပဲခူး စက်တင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ၂၀၂၃ ခုနှစ် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (တိုင်းအဆင့်) ပြိုင်ပွဲကို ယန့နံနက်ပိုင်းမှစတင်၍ ပဲခူးမြို့ မြို့တော်ခန်းမ၊ သီရိဟံသာခန်းမ၊ သာသနာ့ဗိမ္မာန် စသည့်သတ်မှတ်နေရာများတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဥပဒေချုပ် ဦးခင်မောင်တင့်၊ တိုင်းအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်မျိုးဆက်သစ်များနှင့် မိသားစုဝင်များ၊ အနုပညာချစ်မြတ်နိုးသူများက ကြည့်ရှုအားပေးကြပြီး အရေး၊ အတီးပြိုင်ပွဲအား သီရိဟံသာခန်းမ၌လည်းကောင်း၊ အဆိုပြိုင်ပွဲအား သာသနာ့ဗိမာန်၌လည်းကောင်း၊ အကပြိုင်ပွဲအား မြို့တော်ခန်းမတွင်လည်းကောင်း ကျင်းပပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)