ကျိုက်ဒုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပ

ကျိုက်ဒုံ စက်တင်ဘာ ၁၃

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယနေ့ နံနက် ၁၀ နာရီက မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေး (Talk Show)ဆွေးနွေးပွဲ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျိုက်ဒုံမြို့ ဦးစီးမှူး ဦးကျော်လင်းနိုင်နှင့် ဒေါ်ဝါဝါလင်း (ရုပ်သံကျွမ်းကျင်-၃)တို့မှ မသန်စွမ်းသူများ ကြုံတွေ့နေရသည့် အတားအဆီးများ၊ မြန်မာနိုင်ငံတွင် မသန်စွမ်းသူများ၏ အခွင့်အရေး ရေရှည်တည်တံခိုင်မြဲရေး ဆောင်ရွက်ချက်များ၊ ကမ္ဘာ့မသန်စွမ်းဦးရေ၊ မသန်စွမ်းနေ့များ စသည့် သိကောင်းစရာ အကြောင်းအရာများကို အကျယ်တစ်ဝင့် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင်(ပြန်/ဆက်)