တောင်တွင်းကြီး စက်တင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၉၀)၊ အခြေခံပညာအလယ်တန်းကျောင်း(မြို့မ)၌ ကျင်းပသည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာဇော်က အမှာစကားပြောကြားပြီး မြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဝင်းမေထွန်းက ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှုဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ လူကုန်ကူးရာတွင် အသုံးပြုသည့် နည်းလမ်းများ၊ လူကုန်ကူးမှုအန္တရာယ်အကြောင်းနှင့် လူကုန်ကူးပါက ကျခံရမည့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် အခမ်းအနားအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
အောင်ကို (ပြန်/ဆက်)