ငါးသိုင်းချောင်းမြို့ ငါးသိုင်းချောင်းမြို့ အ-လ-က (ခွဲ) ဗိုလ်ချုပ်လမ်းကျောင်းတွင် အသိပညာပေး ဟောပြောပွဲကျင်းပ

ငါးသိုင်းချောင်း စက်တင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ အ-လ-က (ခွဲ) ဗိုလ်ချုပ်လမ်းကျောင်း တွင် ယမန်နေ့ နေ့လယ် (၁)နာရီအချိန်က အသိပညာပေး ဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲအခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ကြူဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ဇင်မီမီဝင်းက လူငယ်နှင့်စာပေ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ရုပ်/သံ ကျွမ်းကျင်(၃) ဦးခင်မောင်မြင့်က လူငယ်နှင့်ပညာခေါင်းစဥ်ဖြင့်လည်းကောင်း၊ မြို့နယ်စားသုံးသူ ရေးရာ ဒု-ဦးစီးမှူး ဦးအေးမင်းလတ်က လူငယ်နှင့် အစားအသောက် ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ရေကြည်မြို့နယ် နည်းပြ/နည်းစနစ်မှူး ဦးဝေယံထွန်း က လူငယ်နှင့် အားကစား ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။

ထို့နောက် Fitness Dance အကများဖြင့် သရုပ်ပြသခြင်း၊ EIM "ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး" အစီအစဉ်ကို ပျော်ရွှင်စွာ စုပေါင်းဆင်နွှဲခဲ့ကြ ပြီး အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ် စာစောင်များ ပြသပေးခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်း (ပြန်/ဆက်)