ငရုတ်ကောင်း စက်တင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ တင်းချောင်းကျေးရွာအုပ်စုအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲ ကို ယမန်နေ့ ညနေ ၃ နာရီက ငရုတ်ကောင်းမြို့၊ တင်းချောင်းကျေးရွာအုပ်စု၊ ငရုတ်ကောင်းတောင်ကျေးရွာ၊ စခန်းသာရပ်ကွက် ဘုန်းတော်ကြီး ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး ရာဇာစိုး၊ အဖွဲ့ဝင်(၂) ဦးသန်းဦး၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မြို့နယ်မှူး ဦးမင်းအောင်၊ ငရုတ်ကောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးဝေယံဦးနှင့် ဌာနဆိုင်ရာများမှ ကျေးရွာအုပ်စုများအတွင်း တရားဥပဒေ စိုးမိုးရေး၊ နယ်မြေလုံခြုံရေး၊ သဘာဝဘေးကြိုတင်ကာကွယ်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံပြည်သူများမှ သိရှိလိုသည်များကို အသီးသီး တင်ပြကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရ သည်။
ငရုတ်ကောင်း(ပြန်/ဆက်)