ကျုံပျော် စက်တင်ဘာ ၁၃
ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ပျဉ်ချဆိပ် ကျေးရွာအုပ်စုရှိ မြရတနာအောင် ဆန်စက်မှ အိမ်ထောင်စု (၁၂၀) အတွက် ဆန်များ ဈေးနှုန်းသက်သာစွာ ရောင်းချခြင်းကို ယမန်နေ့ နံနက်က အဆိုပါဆန်စက်တွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရွာတွင် ဆန်တစ်ပြည်လျှင် (၂၅၀၀) ကျပ်နှုန်းဖြင့် တစ်အိမ်ထောင်လျှင် ဆန်(၂)ပြည် ရောင်းချခဲ့ပြီး ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများ အဆင်ပြေစွာဖြင့် လာရောက်ဝယ်ယူခဲ့ကြကြောင်း သိရ သည်။
အလားတူ အခြေခံလက်လုပ်လက်စား ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန် အတွက် ကျုံပျော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဥ်ကြီးကြပ်မှုဖြင့် ဆန်စပါးကုန်သည်အသင်း လုပ်ငန်းရှင် များက ဧည့်မထဆန် တစ်ပြည်လျှင် (၂၅၀၀) ကျပ်နှုန်းဖြင့် ဈေးနှုန်းသက်သာစွာ ရောင်းချပေးခြင်းကို ကျုံပျော်မြို့တွင် တစ်ရက်ခြားလျှင်တစ်ကြိမ် ဆောင်ရွက်လျက်ရှိပြီး စားသုံးဆီများကိုလည်း ဆီအရောင်းဆိုင်များတွင် တစ်ပိဿာ (၄၅၀၀) ကျပ်နှုန်းဖြင့် ရပ်ကွက်ကျေးရွာအတွင်းရှိ ပြည်သူများထံသို့ ရောင်းချခြင်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)