ဟင်္သာတ စက်တင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း၌ ၂၀၂၃ ခုနှစ်၊ နိုင်ငံတကာ စာတတ် မြောက်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် ထက်၊ လယ်၊ မူ စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါ နေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း အဆင့်စာစီစာကုံး ပြိုင်ပွဲအား “လူအဖွဲ့အစည်းမြှင့်တင်ဖို့ စာပေ သင်ကြားစို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အခြေခံ ပညာ ထက်၊ လယ်၊ မူ အဆင့် ကဗျာပြိုင်ပွဲအား “စာတတ်မြောက်မှ ဂုဏ်ရှိလှပေ” ခေါင်းစဉ် ဖြင့်လည်းကောင်း၊ အခြေခံပညာ ထက်၊ လယ်၊ မူ အဆင့်ပန်းချီပြိုင်ပွဲအား “လူသားအားလုံး စာတတ်မြောက်ရေး ဝိုင်းဝန်းပေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အခြေခံပညာ ထက်၊ လယ်၊ မူ အဆင့်ပိုစတာပြိုင်ပွဲအား “လူအဖွဲ့အစည်းတိုးတက်ရေး စာပေသင်ကြားပေး” ခေါင်းစဉ်ဖြင့် လည်းကောင်း ကျင်းပခဲ့ရာ ဟင်္သာတမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ထက်၊ လယ်၊ မူအဆင့် ကျောင်းသား(၄၃)ဦး၊ ကျောင်းသူ (၁၀၃)ဦး စုစုပေါင်း (၁၄၆)ဦးမှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်