မြန်အောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်သဖြင့် အခြေခံပညာကျောင်း (၁၁)ကျောင်း ယာယီပိတ်ထား

မြန်အောင် စက်တင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်း ကျောင်းဝန်းအတွင်း ဧရာဝတီမြစ်ရေဝင်ရောက်သဖြင့် အခြေခံပညာ ကျောင်း (၁၁) ကျောင်းအား  ယာယီပိတ်ထားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဧရာဝတီမြစ်ရေ ဝင်ရောက်သဖြင့် မြန်အောင်မြို့နယ်အတွင်း အခြေခံပညာ မူလတန်းကျောင်း (၇)ကျောင်း၊ အလယ်တန်းကျောင်း(၂)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၂) ကျောင်းတို့အား စက်တင်ဘာလ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ ယာယီပိတ်ထားပြီး အစားပြန်လည်ကျောင်းတက်ရ မည့်ရက်များ သတ်မှတ်ပေးထားကြောင်း သိရသည်။

မြစ်ရေဝင်ရောက်မှုကြောင့် ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းအဆောက်အဦများ ထိခိုက်ပျက်စီးမှုမရှိကြောင်းနှင့် မြစ်ရေကျဆင်း၍ ကျောင်းများပြန်လည်ဖွင့်လှစ်ပါက မြို့နယ်စီမံအုပ်ချုပ်ရေးမှူးအဖွဲ့ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စုပေါင်း၍ ကျောင်းအတွင်းအပြင် သန့်ရှင်းရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိ​ရေးနှင့် ကျောင်းကျန်းမာ ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းဗိုလ် မြန်အောင်(ပြန်/ဆက်)