ရေဦး စက်တင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ဆုနှင်းသဘင်ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုဝာားဆီးရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာလာစေရေး အသိပညာပေး ဟောပြောပွဲကို ပြုလုပ်ခဲ့ကြောင်း သိရ သည်။
ဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်ချိုချိုက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဟန်ဝင်းလှိုင်က လူကုန်ကူးမှု ပေါ်ပေါက် လာပုံနှင့် လူကုန်ကူးမှုဖြစ်ပွားရာတွင် တွေ့ရသည့် ရေဘုယျအချက် (၃)ချက်ဖြစ်သော သွေးဆောင်လိမ်လည် လှည့်ဖျား ခြိမ်းခြာက်အနိုင်အထက် ပြုခြင်း၊ စုဆောင်းထားသူများကို တစ်နေရာမှ တစ်နေရာသို့ ပို့ဆောင်လွှဲပြောင်း လက်ခံရောင်းဝယ်ခြင်း၊ ထိုသူများကို လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ် ခန္ဓာကိုယ်အစိတ်အပိုင်းများ ထုတ်ဖယ်ရောင်းချ ပြုလုပ်ခံရခြင်း၊ လူကုန်ကူးမှု တစတစကြီးထွားလာခြင်း၊ မူးယစ်ဆေးဝါးပုံစံ အမျိုးမျိုးနှင့် လူငယ်လူရွယ်များ မူးယစ်ဆေးဝါးအလွဲသုံးမှုကြောင့် ဆိုးကျိုးများခံစားကြရခြင်း၊ ကျောင်းသားထုအတွင်း မူးယစ်ဆေးကင်းစင် စေရေး လိုက်နာရမည့် အချက်များကို Power Point ဖြင့် ပြသရှင်းလင်းကာ အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်ပြီး ရေဦးခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဒုရဲအုပ် ကောင်းကျော်ဇင်က ယာဉ်အန္တရာယ် ကင်းရှင်းစေရေး ယာဉ်မောင်းသူ၊ ယာဉ်နောက်လိုက်များ လိုက်နာကြရမည့် စည်းကမ်းချက်များနှင့် မော်တော်ဆိုင်ကယ်မောင်းနှင်သူ/ လိုက်ပါစီးနင်းသူများ လိုက်နာကြရမည့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများအကြောင်းကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည့်အချက်များကို မေးမြန်းရာ မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ရေဦးမြို့နယ်အဆင့် တာဝန်ရှိသူများနှင့် အထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သန်းသန်း (ရေဦး)