ပန်းတနော်မြို့၌ ပြည်သူများ လုံခြုံမှုရှိစေရေး မော်တော်ယာဉ်များ စစ်ဆေးခြင်းဆောင်ရွက်

ပန်းတနော် စက်တင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေး တာဝန်ရှိသူများမှ မော်တော်ယာဥ်နှင့် ဆိုင်ကယ်များ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်း က  ပန်းတနော်မြို့အဝင်ထိပ် ရန်ကုန်- ပုသိမ်ကားလမ်းမတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ ပြည်သူ များ ဘေးကင်းလုံခြုံမှုရှိစေရေး၊ တရားဥပဒေ စိုးမိုးရေး၊ အေးချမ်းစွာနေထိုင်နိုင်ရေးနှင့် ယာဥ်အန္တရာယ် ကင်းရှင်းစေရေးတို့အတွက် မြို့အဝင်ထိပ် ရန်ကုန်- ပုသိမ်ကားလမ်းမကြီးတွင် မောင်းနှင် နေသော မော်တော်ယာဥ်နှင့် ဆိုင်ကယ်မောင်းနှင်လာသူများအား  ယာဉ်လိုင်စင်၊ လူလိုင်စင်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပါ/မပါ စစ်ဆေး ခြင်း၊ အန္တရာယ်ဖြစ်စေနိုင်သော လက်နက်ပစ္စည်းကရိယာများ သယ်ဆောင်လာခြင်း ရှိ/ မရှိ စစ်ဆေးခြင်းနှင့်  ယဉ်မောင်းသူများ လိုက်နာရန် အချက်များအား အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ဆက်)