ညောင်တုန်း စက်တင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင် ပြသခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက် ခဲ့သည်။
အဆိုပါ အသိပညာပေး နံရံကပ်စာစောင်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နှိုးဆော်ချက်များ၊ ကလေးများလုပ်သော အလုပ်နှင့် ကလေးသူငယ်အခွင့်အရေးများ၊ ကလေးအလုပ်သမားများနှင့် ပတ်သက်သည့် မတော်မတရားပြုမှု၊ အကြမ်းဖက်မှု၊ ခေါင်းပုံဖြတ်မှု တို့မှ အကာအကွယ်ပေးခံနိုင်ခွင့်၊ ပါဝင်ခွင့်များ၊ လုပ်ငန်းရှင် များအတွက် ကလေးသူငယ် အခွင့်အရေးဆိုင်ရာမူများ၊ ကာတွန်း ရုပ်ပုံများ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေများများ စသည့် အကြောင်းအရာ များကိုပြသရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းကို ပြည်သူ့အကျိုးပြုလုပ်ငန်းတစ်ရပ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည်။
ထက်ဝေဖြိုး(ပြန်/ဆက်)