ပန်းတနော် စက်တင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန် ရည်ရွယ်၍ အင်္ဂလိပ်စာစကားပြော စွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (ပန်းတနော်) ရွှေနော်သီရိခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးသိန်းဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ ပြီး အင်္ဂလိပ်စာ စကားပြောစွမ်းရည်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အ.ထ.က (၁)ကျောင်းမှ (Grade- 6)၊ (Grade-7)၊ (Grade-8) နှင့် (Grade- 9)မှ ကျောင်းသား၊ ကျောင်းသူများ ပါဝင် ယှဥ်ပြိုင်ခဲ့ကြကာ ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ပေး ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးသိန်းဝင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မြို့မိမြိုဖများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ဆက်)