ကလိန်အောင်မြို့တွင် စာဖတ်ရှိန်မြင့်မားရေး Mobile စနစ်ဖြင့် စာအုပ်စာစောင်များကို ကွင်းဆင်း၍ ငှားရမ်းပေး

ကလိန်အောင် စက်တင်ဘာ  ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန် မြင့်မား‌စေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့် ကောင်းများရရှိ‌ရေး၊ စာပေမှရရှိသော ဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်ချက်ဖြင့် စာပေ ဝါသနာရှင်များ စာအုပ်စာပေများကို လွယ်လင့်တကူဖတ်ရှုနိုင်စေရန်အတွက် အခြေခံပညာအထက်တန်းကျောင်းသို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီ အချိန်က သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ  Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူ့များအလွယ်တကူလေ့လာ ဖတ်ရှုနိုင်ရန်အတွက် သုတ/ရသ စာအုပ်များ၊ ရုပ်ပြပုံပြင်စာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ၊ ကာတွန်းစာအုပ်များ၊ ဂျာနယ်များစသည့် ကလေးများ အသိပညာ၊ ဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များကို ခင်းကျင်းပြသကာ လေ့လာဖတ်ရှုခြင်း၊ ငှားရမ်းပေးခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီး  Mobile စနစ်ဖြင့် စာအုပ် စာစောင်များ ငှားရမ်းပေးခြင်းကိုတစ်လ နှစ်ကြိမ်လာရောက်ငှားရမ်းပေးမည်ဖြစ်ပြီး စာကြည့် တိုက်အသင်းတိုးပွားရေးအတွက် သင်းဝင်ကတ်ပြားများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)