မီး‌သွေးချောင်းကျေးရွာအုပ်စု၊ လယ်ကိုင်းတာကွင်းကျေးရွာတွင် သစ်ပင်လဲကျပြီး နေအိမ်ပြိုကျမှုဖြစ်ပွား

မအူပင် စက်တင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မီးသွေးချောင်းကျေးရွာအုပ်စု၊ လယ်ကိုင်းတာကွင်း ကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းက ရေဝင်ရောက်သဖြင့် မြေအိပြီး လုံးပတ်(၆)ပေ၊ အမြင့်(၅၀)ပေခန့်ရှိ သစ်ပင်လဲကျမှုကြောင့် နေအိမ်တစ်လုံးပြိုကျမှုဖြစ်ပွားခဲ့သည်။

သစ်ပင်လဲကျပြီး နေအိမ်ပြိုကျမှုကြောင့် ဆုံးရှုံးမှုတန်ဖိုး (၉)သိန်းခန့် ဆုံးရှုံးခဲ့ရပြီး ဘေးသင့်မိသားစုဝင်များ အား နီးစပ်ရာဆွေမျိုးများနေအိမ်တွင် ခေတ္တပြောင်းရွှေ့နေထိုင်စေပြီး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ နေအိမ်ပြန်လည် ဆောက်လုပ်နေထိုင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်းနှင့် ဘေးသင့်အိမ်ထောင်စု (၁)စု မိသားစုဝင်(၉)ဦးထံသို့ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်း၏ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး သက်ဇော်ထွန်း ဦးဆောင်၍ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှု အဖွဲ့ဝင်များမှ အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၁၀၀၀၀၀/-)သိန်ကျပ်၊ ဆန်ရိက္ခာဖိုးငွေ(၁၈၉၀၀/-)ကျပ်၊ စုစုပေါင်း (၁၁၈၉၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၁)ပုံးတို့အား မိသားစုဝင်များထံ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။         

အဆိုပါ မြစ်ကမ်းပြိုကျမှုကြောင့် လူနှင့်တိရိစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိပါကြောင်း သိရသည်။

မအူပင်ခရိုင် (ပြန်/ဆက်)