ကံမမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံနိုင်ခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကံမ စက်တင်ဘာ ၁၃                    

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ကုသရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လယ် (၁၂) နာရီက အသက် (၉) နှစ်ပြည်ပြီး အသက် (၁၂) နှစ် မကျော်သော မိန်းကလေးငယ်များအား   သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံနိုင်ခြင်း   လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ အခြေခံပညာဦးစီးဌာနမှ ကျောင်းအုပ်ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးမြင့်ရွှေက အဖွင့်အမှာ စကားပြောကြားပြီး  မြို့နယ်ကုသရေးဦးစီးဌာန မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဝေလင်းဗိုလ်က သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကာကွယ်ဆေးထိုးနှံသွားမည့် အစီအစဉ်များအား အကျယ်တဝံ့ ရှင်းလင်းပြောကြားခဲ့ပြီး အစည်းအဝေးတက်ရောက် လာကြသူများ၏ သိရှိလိုသည့် မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံခြင်းအား စက်တင်ဘာ (၁၈) ရက်နေ့မှစတင်၍ (၂၉) ရက်‌နေ့အထိ အခြေခံပညာမူလတန်းကျောင်းများအား အခြေပြုထိုးနှံပေးသွားမည်ဖြစ်ပြီး ကျောင်းပြင်ပနေ မိန်းကလေးငယ်များပါ မကျန် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှူးရုံးမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)