ကျွန်းလှမြို့နယ်၌ ဌာနပေါင်းစုံ အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပမည်

ကျွန်းလှ စက်တင်ဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြိုနယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ဌာနပေါင်းစုံ အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပမည်ဖြစ် ကြောင်း ကျွန်းလှမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

အဆိုပါ ဖူဆယ်လောလုံးပြိုင်ပွဲတွင် ဌာနပေါင်းစုံမှ အသင်း (၆)သင်း ပါဝင်ယှဉ်ပြိုင်ပြီး အုပ်စု နှစ်အုပ်စုခွဲ၍ ပတ်လည်စနစ်ဖြင့် စက်တင်ဘာ ၁၆ ရက်မှ ၁၈ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ကြောင်း မြို့နယ်အားကစားမှူး ဒေါ်နွယ်နွယ်ထွန်းက ပြောကြားသည်။

မျိုးဝင်းညို ကျွန်းလှ