သရက်မြို့၌ ဆေးဆိုင်များ မှတ်ပုံတင်ထားရှိမှု ရှိ/မရှိနှင့် ရက်လွန်ဆေးဝါးများ ရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

သရက် စက်တင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ဆေးဆိုင်များအား မှတ်ပုံတင်ထားရှိမှု ရှိ/မရှိ နှင့် ရက်လွန်ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ လိုက်လန်စစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီက အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ဦးဆောင်၍ လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးရာတွင် ဆေးဝါးမှတ်ပုံတင်ထားရှိခြင်း ရှိ/မရှိ၊ ရက်လွန်ဆေးဝါးများ ရောင်းချနေမှု ရှိ/မရှိနှင့် ထိန်းချုပ်ဆေးဝါးများ တရားဝင်ရောင်းချမှု  ရှိ/မရှိ တို့ကို ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့က လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ဇော်ထက်(သရက်)