သရက်မြို့၌ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကလေးငယ်များအား သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်းလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

သရက် စက်တင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး သရက်မြို့၌ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်းလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၃)နာရီက ခရိုင်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာမှာ သာအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးခြင်း၏ ရည်ရွယ်ချက်မှာ ဗိုင်းရပ်(စ်) ပိုနှင့်စတင်ထိတွေ့ ခြင်းမရှိမီအချိန်တွင် မိန်းကလေးငယ်များကို သာအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းအားဖြင့် ကြိုတင်ကာကွယ်ထားနိုင်မှု မြင့်မားသည့်အတွက် အသက်(၉)နှစ်ပြည်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးငယ်များတွင် စတင်ထိုးနှံရန်လိုကြောင်း ပြောကြားပေးခဲ့သည်။

ထို့နောက် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအား သာအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်းလုပ်ငန်း၏ ရည်ရွယ်ချက်နှင့် ဆောင်ရွက်ရမည့်လုပ်ငန်းများ ပြောကြားရာတွင် ဗိုင်းရပ်(စ်)ပိုးနှင့် ထိတွေ့ခြင်း မရှိအချိန်တွင် မိန်းကလေးငယ်များကို သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းအားဖြင့် ကြိုတင်ကာကွယ်ထားနိုင်မှု မြင့်မားသည့်အတွက် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးငယ်များတွင် စတင်ထိုးနှံရန် ကျောင်းအခြေပြုလုပ်ငန်းဆောင်ရွက်ခြင်းဖြင့် သာအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှုမြင့်မာစေခြင်းနှင့် ရောဂါကာကွယ်နိုင်နှုန်းမြှင့်တင်ရန် တို့ဖြစ်ပါတယ်ဟုပြောကြားပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)