မင်းလှမြို့နယ်အတွင် မြို့နယ်အဆင့် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးခြင်း ဆိုင်ရာညှိနှိုင်းဆွေးနွေးပွဲကျင်းပ

အထက်မင်းလှ စက်တင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်း အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော ကျောင်းနေအရွယ် အမျိုးသမီးငယ်များအား မြို့နယ်အဆင့်သား အိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV)  ထိုးခြင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၂) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစန်းစန်းမိုးက မြန်မာနိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးစတင်ထိုးနှံမှု၊ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းဆောင်ရွက်မည့် အစီအစဥ်များ၊ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုအ‌ခြေအနေနှင့် ရောဂါလက္ခဏာများ၊ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (Gardasil  TM) သည် မျိုးစိတ် (၆/၁၁/၁၆/၁၈) (၄) မျိုးကို ကာကွယ်ပေးနိုင်ပြီး တစ်ကြိမ်ထိုးပြီးပါက (၉၅) ရာခိုင်နှုန်း ကာကွယ်နိုင်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ရုံးမှလက်ထောက်ကျန်းမာရေးမှူး ဒေါ်အေးသီရိမွန်က ကျောင်းအခြေပြု အသက် (၉) နှစ်မှ (၁၂) နှစ်မကျော်သော ကျောင်းနေအရွယ် အမျိုးသမီးငယ်များအား  သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံပေးမည့် အစီအစဉ်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

မင်းလှမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို (၁.၉.၂၀၁၁) မှ (၃၁.၈.၂၀၁၄) တွင် မွေးဖွားသော ကျောင်းနေအရွယ်ကျောင်းသူများကို ထိုးနှံပေးသွားမည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့်   ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းကို (၁၈.၉.၂၀၂၃) ရက်နေ့မှ (၂၉.၉.၂၀၂၃) ရက်နေ့ အထိလည်းကောင်း၊ ဒုတိယအဆင့်အနေဖြင့် ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းကို (၁၆.၁၀.၂၀၂၃) ရက်နေ့မှ (၂၇.၁၀.၂၀၂၃) ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဇာဇာ(အထကိမင်းလှ)