မင်းတုန်း စက်တင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ တံတားကျေးရွာအုပ်စု ကွင်းအမှတ်(၃၂၇)တွင် စိုက်ပျိုးထားသည့် မျိုးစေ့ထုတ် မှော်ဘီ-၂ စပါးခင်းများတွင် ဖြုတ်ပိုးကျရောက်မှုကို ယမန်နေ့ည ၇ နာရီက (IPM နည်းပညာ) ဘက်စုံသီးနှံဖျက်ပိုး ကာကွယ်ရေးနည်းပညာဖြင့် မီးရောင်ထောင်ချောက်အသုံးပြု၍ ကာကွယ်နှိမ်နင်းသည့်လုပ်ငန်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ (IPM နည်းပညာ) မီးရောင်ထောင်ချောက် ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးမျိုးထွဋ်သွင်နှင့် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဦးတို့ ကွင်းဆင်းကြီးကြပ်ပြီး တောင်သူများနှင့် ကွင်းဝန်ထမ်းများက မီးရောင်ထောင်ချောက်များ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)