မင်းဘူး စက်တင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ရေဝင်ရောက်မှုများကြောင့် ရေဘေးသင့်အိမ်ထောင်စုများအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ မြေနိမ့်ပိုင်း မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့တွင် ယခုလ ၈ နေ့ကမြစ်ရေများ ထပ်မံဝင်ရောက်ခဲ့ပြီး ရေဘေးကြောင်း ယာယီပြောင်းရွှေ့ခဲ့ရသည့် မင်းဘူးမြို့ အမှတ်(၁) ရပ်ကွက်(စက္ကိန္တဲဘုရားအနီး)၊ မန်းကျိုး၊ ထုံးမကြီး၊ ရွာသစ်ကုန်း၊ နိဗ္ဗာန်ကျွန်း၊ ပဒေသာကျွန်း၊ သနပ်ပင်စုနှင့် ကျောင်းကုန်းကျေးရွာများမှ ရေဘေးသင့်အိမ်ထောင်စုပေါင်း (၂၆၇)စုမှ လူဦးရေပေါင်း ၉၄၄ ဦးအတွက် မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ ၁၉၈၂၄၀၀ ကျပ်တိတိကို ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)