ကေ့ာကရိတ်မြို့၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေး (Talk Show) ပြုလုပ်

ကော့ကရိတ် စက်တင်ဘာ ၁၂

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ဥပဒေရုံးတို့ ပူးပေါင်း၍ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပ​ဒေ အသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်မျိုးဝင်းက ကလေးသူငယ်နှင့်ပတ်သက်သည့် အခွင့်အရေးများ ကလေးသူငယ်များ ကာကွယ်သည့် ဥပဒေဆိုင်ရာအကြောင်းအရာတို့ကို ပြည်သူများနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အတွက် ရည်ရွယ်၍ အသိပညာပေး (Talk Show ) ဆောင် ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ ကေ့ာကရိတ်ခရိုင်ရုံး ဒုတိယ ဥပဒေ အရာရှိ ဦးညီညီအောင်က ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်သည့် အဓိပ္ပယ် ဖွင့်ဆိုချက်၊ ကလေးသူငယ်များအပေါ်ပြုလုပ်သည့်အကြမ်းဖက်မှုကျူးလွန်ခြင်း၊  ကလေးသူငယ်နှင့် ပတ်သက်သည့်အခွင့်အရေးများ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အရေးယူဆောင်ရွက်နိုင်သည့် ပြစ်မှု၊ ပြစ်ဒဏ်များ ဥပဒေပြဌာန်းချက်များ အကြောင်းတို့ကို  ရှင်းလင်းဆွေးနွေးခဲ့ ကြကြောင်းသိရသည်။

KMW(ခရိုင်ပြန်ဆက်)