မုံရွာမြို့တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဝါမျိုးစုံစိုက်ပျိုးသီးနှံ ၁၅၉၉၇ ဧက စိုက်ပျိုးပြီးစီး

မုံရွာ စက်တင်ဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဝါမျိုးစုံစိုက်ပျိုးသီးနှံ ၁၅၉၉၇ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးသက်အောင်က ပြောပြ၍ သိရသည်။

မုံရွာမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဝါမျိုးစုံစိုက်ပျိုးသီးနှံ ၁၅၉၉၅ ဧကကို  ဖေဖော်ဝါရီလ ပထမပတ်က စတင်၍ လျာထားစိုက်ပျိုး ခဲ့ရာ ယနေ့တွင် လျာထားဧကထက် ကျော်လွန်စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မုံရွာမြို့မှာ  ဝါမျိုးစုံစိုက်ပျိုးသီးနှံ ၁၅၉၉၅ ဧက ကိုလျာထားစိုက်ပျိုးခဲ့ပါတယ်။ လျာထားချက် အတိုင်း ပြည့်မီအောင်စိုက်နိုင်ဖို့ လိုအပ်တဲ့ မြေဩဇာများ အသုံးပြုစိုက်ပျိုးနိုင်ဖို့ လိုအပ်တဲ့ အကူအညီတွေနဲ့ နည်းပညာတွေကို ဆောင်ရွက်ပေးခဲ့ပါတယ်။ ဝါမျိုးစုံတွေ လျာထားချက်ပြည့်မီ စေဖို့၊ အခက်အခဲမရှိ စိုက်ပျိုးနိုင်ဖို့လုပ်ငန်းတွေကို စိုက်ပျိုးရေးဦးစီးဌာနက မြေပြင်ထိ ကြိုတင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့တယ်။ လက်ရှိ ဝါမျိုးစုံအားလုံး ရာနှုန်းပြည့် ကျော်လွန်စိုက်ပျိုးပြီးစီး ပါပြီ။ ချည်မျှင်ရှည်ဝါမျိုးစုံတွေလဲ တစ်ဧကပျမ်းမျှ ပိသာ ၅၈၀ ကျော်ထိထွက်ရှိအောင် ပြင်ဆင် စိုက်ပျိုးထားပါတယ်”ဟု မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးသက်အောင်က ပြောပြ သည်။

မုံရွာမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ဝါမျိုးစုံ လျာထား ၁၅၉၉၅ ဧက စိုက်ပျိုးလျက်ရှိရာ မိုးကြိုချည်မျှင်ရှည်ဝါ ၈၂ဧက၊ မိုးချည်မျှင်ရှည်ဝါ ၈၀၅၆ ဧက၊ မိုးနှောင်းချည်မျှင်ရှည်ဝါ ၃၉၈၇ ဧကနှင့် ချည်မျှင်တိုဝါ ၃၈၇၂ဧက စုစုပေါင်း ဝါမျိုးစုံ ၁၅၉၉၇ ဧက၊ ရာခိုင်နှုန်းအားဖြင့် ၁၀၀ ဒသမ ၀၁ ရာခိုင်နှုန်း စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း သိရသည်။

အဆိုပါ ဝါမျိုးစုံ ရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေးဦးစီးဌာနက အရည်အသွေးကောင်းမျိုး ကောင်းမျိုးသန့်ဝါများ စိုက်ပျိုးထုတ်လုပ်နိုင်ရန်၊ ဝါမျိုးစေ့အသုံး ပြုမှုမှန်ကန်စေရန်၊ ဓာတ်မြေ ဩဇာ စနစ်တကျ အသုံးပြုတတ်စေရန်၊ ဓာတ်မြေဩဇာအစားထိုး သစ်စိမ်းမြေဩဇာများ အသုံးပြ စိုက်ပျိုးနိုင်ရန် စသည့်နည်းစနစ်များကို လယ်မြေများထိ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)