ဝါးခယ်မမြို့နယ်တွင် စားသုံးဆီများအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချစေရေးကွင်းဆင်း ဆောင်ရွက်

ဝါးခယ်မ စက်တင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် အခြေခံလူတန်းစားများ စားသုံးမှု အဆင်ပြေချေားမွေ့စေရန်အတွက် ယနေ့နံနက်ပိုင်းတွင် အခြေခံစားသောက် ကုန်ပစ္စည်းဖြစ်သည့် စားသုံးဆီများအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချစေရန် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်၌ အခြေခံလူတန်းစားများအတွက် စားသောက်ကုန်ပစ္စည်များအား ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် ဒေသအလိုက် သတ်မှတ်ရည်ညွှန်းဈေး (၅၁၈၉.၆၇) ကျပ်နှုန်းရှိရာ ဝါးခယ်မမြို့နယ်၊ မြို့မဈေးအတွင်းလက်ကားရောင်းချလျက်ရှိသည့် စားသုံးဆီများအား သတ်မှတ်ရည်ညွှန်ဈေး ဆီတစ်ပိဿာ (၅၅၈၅) ကျပ်နှုန်းဖြင့် ရောင်းချစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်ထက်နှင့်အဖွဲ့ဝင်များမှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း (ပြန်/ဆက်)