စလင်း စက်တင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူများ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၉)နာရီ၃၀အချိန်က အမှတ်(၂)”အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ စလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင် ကအဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးလင်းက စာပေဖတ်ရှုခြင်းမှ ရရှိလာမည့် အကျိုးကျေးဇူးများကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှတာဝန်ခံ ဦးဆန်းလင်းမောင်က စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကိုလည်းကောင်း၊ ဥပဒေအရာရှိ ဦးသက်လင်းကမူးယစ် ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး နှင့် လူကုန်ကူးမှု တားဆီး ကာကွယ်ရေးဆိုင်ရာများကိုလည်းကောင်း၊ စလင်း မြို့နယ်အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာ မဒေါ်သန်းသန်းဦး က ယဥ်ကျေးလိမ္မာနှင့်ပြည်သူ့နီတိဆိုင်ရာများကိုလည်းကောင်း ၊မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ် သန္တာအောင်က မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာများနှင့် ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာများကိုလည်းကောင်း၊ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဝင့်သီတာမောင်က ရာသီဥတုပြောင်းလဲမှုနဲ့သဘာဝ ဘေးဖြစ်မှုမှ ရေဘေးသဘာဝဘေးအန္တရာယ်ဆိုင်ရာသိကောင်းစရာများကိုလည်းကောင်း အသီးသီး အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြသည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ ဆရာ၊ဆရာမများနှင့် ကျောင်းသား ကျောင်းသူစုစု ပေါင်း (၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
(မောင်လွင်)စလင်း