ရှမ်းရွာသစ် စက်တင်ဘာ ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြည်သူများ ဝဉသီးနှံတိုးချဲ့စိုက်ပျိုးခြင်းနှင့်ပတ် သက်၍ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဝဉသီးနှံတိုးချဲ့စိုက်ပျိုးရေး အသိပညာပေး(Talk Show)ဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေး (Talk Show)ဆွေးနွေးပွဲတွင် ရှမ်းရွာသစ်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဦးမြင့်မောင်က ဝဉသီးနှံတိုးချဲ့စိုက်ပျိုးရခြင်း၏ရည်ရွယ်ချက်များ၊ စိုက်ပျိုးရေးဦးစီးဌာန၏ ဝဉသီးနှံစိုက်ပျိုးထုတ်လုပ်မည့်အစီအစဉ်များ၊ ဝဉသီးနှံဈေးကွက်အတွင်း ရောင်းချမှုအခြေအနေများ၊ ဝဉသီးနှံစိုက်ပျိုးချိန်၊ တူးဖော်ချိန်နှင့် စိုက်ပျိုးရေးနည်းစနစ်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေး နွေးခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေအသိပညာနှင့် ပြင်ပအသိပညာဗဟုသုတများတိုးပွားစေရေးအတွက် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များကို ဖိတ်ခေါ်၍ အွန်လိုင်းစနစ်ဖြင့် အသိပညာပေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်စီစဉ် ကျင်းပ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)