မအူပင် စက်တင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မီးသွေးချောင်းကျေးရွာအုပ်စု၊ လယ်ကိုင်းကျေးရွာဘုန်းတော်ကြီးကျောင်း၊ သာသနာ့ဗိမ္မာန်တော်ကြီးအတွင်း မှုခင်းကျဆင်းရေးအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် မီးသွေးချောင်းကျေးရွာအုပ်စု၊ လယ်ကိုင်းကျေးရွာရဲကင်းစခန်းမှူးဒုရဲအုပ်ဝင်းအောင်မှ ရပ်ရွာလုံခြုံရေး၊ ခိုးမှု၊ လုယက်မှုနှင့် သေမှုသေခင်းများမဖြစ်ပွားစေရေး၊ မူးယစ်ရမ်းကားမှုများ လျော့နည်းကျ ဆင်းရေး၊ ဆိုင်ကယ်စီးနင်းရာတွင် ဦးထုပ်ဆောင်းရန်၊ (၂) ယောက်ထက်ပိုမိုမမောင်းနှင်ရန်နှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ လိုက်နာနိုင်ရန် အသိပညာပေးဟောပြောခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ လယ်ကိုင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း Grade (6)မှ Grade (12) ထိ ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းအကျိုးတော်ဆောင် ကော်မတီဝင်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။
မအူပင်ခရိုင် (ပြန်/ဆက်)