နတ်တလင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

နတ်တလင်း စက်တင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား  ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလ အစရှိသည့် ဗလငါးတန်အပါအဝင် အထွေထွေအသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်  မြင့်မားစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို. ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက   အ.ထ.က (နတ်တလင်း) ကျောင်း မနောဟဒယခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  အ.ထ.က (နတ်တလင်း) ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်ကျော်နှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်ငုံဖူးဝေမြင့်တို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်လဲ့ဝါမြင့်က လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ခြင်းရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြား၍ လူငယ်စကားဝိုင်းစတင်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်လဲ့ဝါမြင့်နှင့် Book Clubအဖွဲ့ဥက္ကဋ္ဌ ဆရာဦးသန်းအောင်တို့မှ ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး ဆွေးနွေးပွဲ၌ GRADE-10 (A) မှ မောင်ကောင်းထက်ဇော်က "လူငယ်နှင့်စာဖတ်ခြင်း"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ GRADE-10 (B) မှ မောင်အောင်ကောင်းခန့်က "လူငယ်နှင့်မျိုးချစ်စိတ်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ GRADE-10 (A) မှ မစုဝေလှိုင်က " လူငယ်နှင့်အားကစား" ခေါင်းစဉ်ဖြင့်လည်းကောင်း၊   GRADE-10 (B) မှ မသျှန်းအိသူက "လူငယ်နှင့်ယဉ်ကျေးမှု"   ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်များအပေါ် တက်ရောက်လာသော  ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည့်အချက်များကို ပြန်လည်မေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသူနှင့် ကဏ္ဍအလိုက်ပါဝင်ဆွေးနွေးသူများက ပြန်လည်ဖြေကြား‌ပေးခဲ့ကြောင်း သိရသည်။

လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်ကျော်နှင့် ဆရာ/ဆရာမများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်အသင်း ဥက္ကဋ္ဌ ဒေါ်ငုံဖူးဝေမြင့်နှင့် အဖွဲ့ဝင်များ၊ ကျောင်းသား၊‌ ကျောင်းသူများစုစုပေါင်း (၃၀၀) ခန့် တက်ရောက်ခဲ့ပြီး၊ ပါဝင်ဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး (ပြန်/ဆက်)