ထန်းတပင် စက်တင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော မိန်းကလေးငယ်များအား မြို့နယ်အဆင့်ကျောင်းအခြေပြုသား အိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀) နာရီက မြို့နယ်ပြည်သူ့ဆေးရုံဝင်းရှိ လူနာစောင့်များ နားနေဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ် ချုပ်ရေးမှူးဦးထွန်းကိုကိုက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကုသရေးနှင့်ပြည် သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒအောင်က သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံရခြင်းနှင့်ပတ်သက်၍ သားအိမ်ခေါင်းကင်ဆာရောဂါကာ ကွယ်ကုသခြင်း၊ ရောဂါကူးစက်ခြင်းဆိုင်ရာလက္ခဏာများ၊ ကာကွယ်ထိုးနှံပေးသွားမည့် အစီအစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံမှုများနှင့် ပတ်သက်၍ တက်ရောက်လာသူများ၏ မေးမြန်းဆွေးနွေးမှုများအပေါ် မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) (တစ်ကြိမ်) ထိုးနှံခြင်းအား စက်တင်ဘာလ (၁၈) ရက်နေ့မှစ၍ စက်တင်ဘာလ (၂၉) ရက်နေ့အထိ ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံခြင်းအဖြစ်လည်းကောင်း၊ အောက်တိုဘာလအတွင်း၌ ပြည်သူအခြေပြုကာကွယ်ဆေး ထိုးနှံခြင်းအဖြစ်လည်းကောင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)