ပခုက္ကူမြို့နယ်တွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ကွင်းဆင်းစစ်ဆေး

ပခုက္ကူ စက်တင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအတွက် ခရိုင်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဌနှင့်ပူးပေါင်းအဖွဲ့က ယနေ့နံနက် ၉ နာရီအချိန်က ဧရာဝတီတံတား (ပခုက္ကူ) စစ်ဆေးရေးဂိတ်၌ ကွင်းဆင်းစစ်ဆေးကြသည်။

ထိုသို့စစ်ဆေးရာတွင် ခရိုင်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ၊ ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧရာဝတီတံတား (ပခုက္ကူ) စစ်ဆေးရေးဂိတ်၌  ဖြတ်သန်းသွားလာကြသည့် ခရီးသွားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်းဆေးထိုးနှံပြီးစီးကြောင်း လက်မှတ်နှင့် သက်ဆိုင်ရာ ခရီးသွားလာခွင့် ထောက်ခံချက်များပါရှိမှု ရှိ၊ မရှိ၊ မော်တော်ယာဉ်များအား LPRS စက်ဖြင့်စစ်ဆေးမှု အခြေအနေ၊ ကုန်တင်မော်တော်ယာဉ်များပေါ်တွင် တရားမဝင်ကုန်စည်များ ဖြန့်ဖြူးသယ်ယူပို့ဆောင်မှု ရှိ၊ မရှိ၊ အကောက်ခွန်မဲ့ပစ္စည်းများ သယ်ဆောင်မှု ရှိ၊ မရှိ၊ လိုင်စင်မဲ့ယာဉ်များ ဖြတ်သန်းသွားလာမှု ရှိ၊ မရှိ၊ စစ်ဆေးရေးဂိတ်တွင် တပ်ဆင်ထားသည့် CCTV ကင်မရာကောင်းမွန်မှု ရှိ/မရှိနှင့် ခရီးသွားမော်တော်ယာဉ်နှင့် ခရီးသည်များအား အချိန်ပြည့်ကြည့်ရှုစစ်ဆေးနိုင်ရေး လျှပ်စစ်မီးနှင့် ဆိုလာတပ်ဆင်ထားမှုများ အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးကြပြီး လိုင်စင်မဲ့ယာဉ်များအား မှတ်ပုံတင်ရေး၊ စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းနှင့် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ကြပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)