လက်ပံတန်းမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံရေး အသိပေးရှင်းလင်း

လက်ပံတန်း စက်တင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် အသက် (၉) နှစ်မှ (၁၂) နှစ်အထိ မိန်ကလေးများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံရေး အသိပေးရှင်းလင်းခြင်းကို ယနေ့နံနက် (၁၀) နာရီက လက်ပံတန်းမြို့ မြို့နယ်ပညာရေးမှူးရုံးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်‌ဇော်ဝင်းက သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ထိုးနှံရခြင်းရည်ရွယ်ချက်များ၊ မြန်မာနိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး စတင်ထိုးနှံမှုနှင့် ကာကွယ်ဆေးလွှမ်းခြုံမှုအခြေအနေ၊ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်မည့် အစီအစဉ်များ၊ သားအိမ်ခေါင်းကင်ဆာ ရောဂါဖြစ်ပွားမှုအခြေအနေနှင့် ရောဂါလက္ခဏာများ၊ သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးမထိုးသင့်သော အခြေအနေများ၊ သားအိမ်ခေါင်းကင်ဆာရောဂါ (အိတ်ခ်ျပီဗီ) ကာကွယ်ဆေးအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးဝင်းမောင်က သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံရေးအတွက် ပညာရေးဌာနအနေဖြင့် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံခြင်းကို (၁-၉-၂၀၁၁) မှစ၍ (၃၁-၈-၂၀၁၄) အတွင်း မွေးဖွားသော ကျောင်းနေအရွယ် မိန်းကလေးများကို ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ရာ ပထမအဆင့်အနေဖြင့် ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံခြင်းကို (၁၈-၉-၂၀၂၃) ရက်နေ့မှ (၂၉-၉-၂၀၂၃) ရက်နေ့ထိလည်းကောင်း၊ ဒုတိယအဆင့်အနေဖြင့် ပြည်သူလူထုအခြေုပြု ကာကွယ်ဆေးထိုးနှံခြင်းကို အောက်တိုဘာလတွင်လည်းကောင်း လက်ပံတန်းမြို့နယ်အတွင်းရှိ အသက် (၉) နှစ်မှ အသက် (၁၂) နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ‌မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)