ကေ့ာကရိတ် စက်တင်ဘာ ၁၂
ကရင်ပြည်နယ်၊ ကေ့ာကရိတ်ခရိုင် ကော့ကရိတ်မြို့တွင် ခရိုင်အတွင်းရှိပြည်သူများ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ် အကိုင်အခွင့်အလမ်းရရှိစေရေး ရည်ရွယ်၍ မော်တော်ယာဥ်မောင်းလိုင်စင်(ခ)၊ မော်တော်ဆိုင်ကယ် မောင်းလိုင်စင်(က) ဖြေဆိုသူများအား ယမန်နေ့ နံနက် ၉နာရီခွဲအချိန်တွင် ကေ့ာကရိတ်ခရိုင် ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံး၌ ယာဥ်မောင်းလိုင်စင်များ၏အမျိုးအစားနှင့် သတ်မှတ်ချက် စည်းကမ်းများကိုချပြ ဆွေးနွေးခဲ့ကြောင်းသိရသည်။
ထိုသို့ချပြဆွေးနွေးရာတွင် ကေ့ာကရိတ်ခရိုင်ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံး ခရိုင်ဦးစီးမှူး ဦးညွန့်ဦးမှ ၂၀၂၂ခုနှစ် ယာဥ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဥ်စီမံခန့်ခွဲမှု နည်းဥပဒေနှင့် အဆင့်ဆင့်ထုတ် ပြန်ခဲ့သော ဥပဒေ၊ နည်းဥပဒေများ၊ ၂၀၂၂ခုနှစ်တွင် အသစ်ထွက်ရှိထားသည့် လမ်းညွှန် လမ်းအမှတ်အသားနှင့် အချက်ပြများ၊ ခြေလျင်လမ်းလျှောက်သူများ လိုက်နာရမည့်အချက်များ၊ ယာဥ်မောင်းလိုင်စင်အမျိုးအစားများနှင့် ယာဥ်မောင်းနှင်သူများ လိုက်နာရမည့်အချက်တို့ကို ချပြဆွေးနွေးခဲ့သည်။
ထို့နောက် ယာဥ်မောင်းစစ်ဆေးရေးမှူးမှ လိုင်စင်ရယူလိုသူများကို စိတ်ပညာမေးခွန်းလွှာနှင့် ယာဥ် စည်းကမ်း၊ လမ်းစည်းကမ်း၊ ရေး/ဖြေစစ်ဆေးခြင်း၊ လိုင်စင်၏အမျိုးအစားဖြင့် ခွင့်ပြုသော ယာဥ်မောင်းစစ်ဆေးခြင်းတို့အား နည်းဥပဒေနှင့်အညီ လက်တွေ့မောင်းနှင်စစ်ဆေးခြင်းတို့ ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ ရေး/ဖြေနှင့် လက်တွေ့စစ်ဆေးခြင်း အောင်မြင်မှသာ သတ်မှတ်ဖြေဆိုသောလိုင်စင်ကို လုံခြုံရေးအဆင့်မီသော Smart Card လိုင်စင်အား စစ်ဆေးဆောင်ရွက်ပေးလျက်ရှိရာ အသက်(၁၈)နှစ်ပြည့်ပြီး ကျန်းမာသန်စွမ်းသူများ ဖြေဆိုနိုင်ကြောင်းနှင့် လစဉ်ရက်သတ္တပတ်၏ တနင်္လာနေ့တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
KMW(ခရိုင်ပြန်/ဆက်)