လိပ်သိုဒေသထွက် ဂေါ်ရခါးသီးများ ခူးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

လိပ်သို     စက်တင်ဘာ    ၁၂

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှုအဖြစ် ဥယျာဉ်ခြံလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြရာ လိပ်သိုမြို့တွင် အိမ်တိုင်းလိုလိုပင် ဂေါ်ရခါးပင်များကို စင်ထိုးပြီး တစ်နိုင်တစ်ပိုင်    စိုက်ပျိုးလုပ်ကိုင် လျက်ရှိပြီး ယခုအခါ ဂေါ်ရခါး သီးများ ခူးယူရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

အဆိုပါလိပ်သိုဒေသတွင် စိုက်ပျိုးသော ဂေါ်ရခါးသီးပင်များမှာ သဘာ၀မြေဩဇာ ကိုသာအသုံးပြုခြင်းကြောင့် လူကြိုက်များသော သီးနှံဖြစ်ပြီး ကြော်ချက်စား၍သော်လည်းကောင်း၊ ပြုတ်စား၍သော်လည်းကောင်း၊ ဟင်းချိုအဖြစ်ချက်စားရာတွင် လည်းကောင်းစားသုံးကြသည်။ ဂေါ်ရခါးပင်များသည် နွေ၊ မိုး၊ဆောင်းရာသီမရွေး အသီးသီးသောကြောင့် ဒေသခံများအနေဖြင့် ပိုမိုစိုက်ပျိုး လုပ်ကိုင်သင့်ကြောင်း ဒေသခံတောင်သူ များထံမှ သိရသည်။        

ဂေါ်ရခါးသီးများကို အိမ်အတွင်း စားသုံးရန်အတွက်သာမက အပိုဝင်ငွေရရှိစေရန် ခူးယူရောင်းချလျက်ရှိပြီး လိပ်သိုမြို့ပေါ်တွင်သာမက တောင်ငူမြို့သို့ တင်ပို့ရောင်းချကြသည်။ လိပ်သိုဒေသထွက် ဂေါ်ရခါးသီး စားသုံးသူများ လူကြိုက်များ၍ မြို့ပေါ်ဈေးဆိုင်များတွင် လက်လီဈေး တစ်ပိဿာလျှင် ကျပ် (၁၀၀ဝိ/-) မှ (၁၅၀ဝိ/-) ထိ ရရှိသည်။ ဂေါ်ရခါးပင်များသည် ရာသီမရွေး အသီးသီးသောကြောင့် စိုက်ပျိုးလုပ်ကိုင်သူများအနေဖြင့် အပိုဝင်ငွေရရှိကာ အိမ်သုံးစရိတ်ရရှိကြောင်း အမှတ် (၃) ရပ်ကွက်နေ ဂေါ်ရခါးသီးစိုက်ပျိုး လုပ်ကိုင်သူတစ်ဦးထံမှ သိရသည်။

ခင်လေးနွယ် (လိပ်သို)