ဘိုကလေးမြို့နယ်တွင် တရားမဝင်ဘီယာများ သယ်ယူရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ဘိုကလေး စက်တင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းတွင် အခွန်တံဆိပ် ကပ်နှိပ်ထားခြင်းမရှိသော ပြည်ပမှတရားမဝင် ဝင်ရောက်လာသည့် ဘီယာများ သယ်ယူရောင်းချနေမှု ရှိ/မရှိကို စက်တင်ဘာ (၁၁) ရက်နေ့ ညနေ (၃) နာရီ အချိန်၌ ဘိုကလေးမြို့ပေါ်ရှိ အရက်၊ ဘီယာ လက်ကားရောင်းချနေသာ (FL-12) ဆိုင် (၁၃) ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

စစ်ဆေးရာတွင် ဘိုကလေးမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဇေယျာထွန်းနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ အခွန်ဦးစီးဌာန၊ မြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်း၍ စစ်ဆေးခြင်းဖြစ်ပြီး အရက်၊ ဘီယာ လက်ကားရောင်းချနေသာ (FL-12)ဆိုင်များအား တရားမဝင်သော ဘီယာများအား ရောင်းချခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းမပြုလုပ်ရန်နှင့် မြန်မာနိုင်ငံအတွင်းရှိ လိုင်စင်ရဘီယာချက်စက်ရုံများမှ ထုတ်လုပ်သည့် ကျသင့်အခွန်များကို ပြည်တွင်းအခွန်များဦးစီးဌာနတွင် အခွန်ဆောင်ထားသော ဘီယာများကိုသာ ရောင်းချရန် လမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။

မိုးစက် (ဘိုကလေး)