ကြံခင်းမြို့တွင် အသက် (၅) နှစ်မှ (၁၂) နစ်ထိ ကျောင်းသား/သူများအား ထပ်ဆောင်း (Booster Dose) ကာကွယ်ဆေးများထိုးနှံပေး

ကြံခင်း စက်တင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် အသက် (၅) နှစ်မှ (၁၂) နှစ်ထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထပ်ဆောင်း(Booster Dose)ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ရွာသစ်ရပ်ကွက်၊ (အ.မ.က) အင်းလပ်အရှေ့ ကျောင်းဆေးထိုးစုရပ်တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကြံခင်းမြိုနယ် ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ကြီးကြပ်မှုဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း “ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေးအရှိန်အဟုန်မြှင့်ဆောင် ရွက်လျက်ရှိရာ အသက်(၅) နှစ်မှ (၁၂) နှစ်ထိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (၂)ကြိမ်ထိုးနှံပြီး (၆)လပြည့်ကျောင်းသား/သူ(အ.မ.က) အင်းလပ်အရှေ့ကျောင်းမှ (၁၈) ဦး၊ မူလွန်မြို့မတောင်ကျောင်းမှ(၁၃)ဦးနှင့် ရွာသစ်မြောက် (အ.မ.က) ကျောင်းမှ (၂) တို့အား (Booster.Dose) (Myancopharm) ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကျန်းမာရေးမှတာဝန်ရှိသူများ၊ (အ.မ.က) အင်းလပ်အရှေ့ကျောင်းအုပ်ဆရာကြီးဦးစောသန်းနိုင်နှင့် သက်ဆိုင်ရာကျောင်းများမှ ဆရာ၊ ဆရာမများပူးပေါင်းပြီး ကာကွယ်ဆေးထိုးပြီးပါက ဘေးထွက်ဆိုးကျိုးလက္ခဏာများဖြစ်ပေါ်လျှင် ချက်ချင်းကုသပေးနိုင်ရေးအတွက် ကြည့်ရှုစောင့်ကြပ်ဆောင်ရွက်ပေးကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)