ကျောင်းကုန်း စက်တင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာန၌ ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ပြုပြင်ထိန်းသိမ်းမှု (အခြေခံ) (၂/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်း အနားကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်က အဆိုပါ စက်မှုလယ်ယာဦးစီးဌာနရုံးခန်းမ တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက အလေအလွင့် နည်းပါးအောင် ယခုလိုသင်တန်း ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ တစ်ဧက(၁၀) တင်းနှုန်းတိုးထွက်ဖို့ ဝိုင်းဝန်းကူညီပေးဖို့ပြောကြားခဲ့ပြီး စက်မှုလယ်ယာဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးမင်းဇော်က သင်တန်းဖွင့်လှစ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းထူးက သင်တန်းအထောက်အ ကူပြု ပစ္စည်းများပေးအပ်ရာ သင်တန်းသားတစ်ဦးက လက်ခံရယူခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် တစ်ဧက စပါး(၁၀) တင်း ပိုမိုအထွက်တိုးစေရန် ရင့်မှည့်စပါးခင်းများအား စပါးရိတ်သိမ်း ခြွေလှေ့စက်ကြီးများဖြင့် ရိတ်သိမ်းရာတွင် အလေအလွင့်နည်းပါးစေရန်အတွက် ရိတ်သိမ်းခြွေလှေ့မောင်းနှင်သည့် တောင်သူများ စက်ကြံ့ခိုင်ထိန်းသိမ်းမှုနှင့် ရိတ်သိမ်းမောင်းနှင်ရာတွင် အလေအလွင့်နည်းစေရန် စက်မှုလယ်ယာဦးစီးဌာနမှ ကျွမ်းကျင်ဝန်ထမ်းများဖြင့် သင်တန်းပို့ချပေးခြင်းဖြစ်သည်။
အဆိုပါ ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ပြုပြင်ထိန်းသိမ်းမှု (အခြေခံ) အမှတ်စဥ် (၂/၂၀၂၃) သင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်း၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီအဖွဲ့ဝင်များ၊ တောင်သူ သင်တန်းသား (၅၅)ဦးတို့ တက်ရောက်ခဲ့ပြီး သင်တန်းကို စက်တင်ဘာလ ၁၁ ရက်နေ့မှ (၁၅)ရက်နေ့အထိ (၅)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)