ရွှေတောင်မြို့နယ်တွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေး မြို့နယ်အဆင့်အသိပညာပေးဆွေးနွေးပွဲကျင်းပ

ရွှေတောင် စက်တင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အ.ထ.က (ရွှေတောင်) ရတနာခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျောင်းအခြေပြုသာ အိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေး မြို့နယ်အဆင့်အသိပညာပေး ဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမားရေးဌာနမှူး ဒေါက်တာအောင်မျိုးသန့်က သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေးအကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ကျန်းမာရေးမှူးအဆင့်(၁) ဦးကိုကိုကြီးက ကျောင်းအခြေပြုသားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေး အသိပညာရပ်များအား Power Point ဖြင့် ရှင်းလင်းဆွေးနွေးခြင်း၊ အသက်(၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော ကျောင်းသူမိန်းကလေးငယ်များအား ထိုးနှံမည့်အစီအစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသော အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများက သိရှိလိုသည်များကိုပြန်လည်မေးမြန်းကြရာ သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရွှေတောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် (ဧဝရတ်) ကိုယ်ပိုင်အထက်တန်းကျောင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)