မိုးညိုမြို့နယ် မြေစိုက်နံရံကပ်ပြဘုတ်တွင် အသိပညာပေး နံရံကပ်စာစောင်များ ပြသ

မိုးညို အောက်တိုဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ ဆိုင်ရာ သတင်းအချက်အလက် အသိပညာပေး နံရံကပ် စာစောင်နှင့် ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများကို ပြည်သူများသိရှိစေရန် ပြသထားလျက်ရှိ ကြောင်း သိရသည်။

အဆိုပါ စာစောင်များတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး ရုပ်ပုံများ၊ မီဒီယာနှင့် သတင်း အချက်အလက်များ၊ သိရှိနားလည်မှုရှိသော မိဘအုပ်ထိန်းမှု အတက်ပညာ၊ လှုမှုမီဒီယာပေါ်တွင် ဘေးကင်း လုံခြုံမှုအကြောင်း ဆွေးနွေးရာ၌ ဆောင်ရန် / ရှောင်ရန်များ၊ နှာခေါင်းစည်း(mask)ကို အသုံး ပြုခြင်း ဆိုင်ရာ အကြံပြုချက်များ၊ သတင်းခွဲခြမ်း စိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များ၊ လိုက်နာရမည့် ကျင့်ဝတ်များ၊ ဆောင်ရန်/ ရှောင်ရန် အကြောင်းအရာများကို လည်းကောင်း၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးစာစောင်တွင် ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးပါ၊ မကြာခဏ မေးလေ့မေးထရှိသော မဲဆန္ဒရှင် စာရင်းဆိုင်ရာ မေးခွန်းနှင့်အဖြေများ၊ ဆန္ဒမဲပေးနည်းစနစ်ပုံစံများကို ပြည်သူများ ကြည့်ရှုလေ့လာနိုင်ရန် ပြသပေးထားကြောင်း သိရသည်။

ကိုမင်း(မိုးညို)