မိုးညိုမြို့နယ်၌ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်

မိုးညို စက်တင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ပြည်သူ့ဆေးရုံအစည်းအ‌ဝေးခန်းမ၌ အသက် (၉) နှစ် ပြည့်ပြီး အသက် (၁၂) နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုးက လုပ်ငန်းညှိနိူင်းအစည်းအဝေး ဆောင်ရွက်ရခြင်းရည်ရွယ်ချက်၊ သားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်ပွားမှုအခြေအနေ၊ မြန်မာနိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး စတင်ထိုးနှံမှုနှင့် ကာကွယ်ဆေးလွှမ်းခြုံမှုအခြေအနေ၊ သားအိမ်ခေါင်းကင်ဆာရောဂါ လက္ခဏာများ၊ ရောဂါကာကွယ်ခြင်းနှင့် ကုသခြင်းဆိုင်ရာများ၊ သားအိမ်ခေါင်းကင်ဆာနှင့် ပတ်သက်သော အရေးကြီးသည့်သတင်းအချက်အလက်များနှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်များအားရှင်းလင်းပြောကြားပြီး မြို့နယ်ပညာရေးဌာနမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးသန်းဌေးက အခြေခံပညာကျောင်းများတွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမည့် အခြေအနေများအား ရှင်းလင်းပြောကြားကာ‌ ပေါင်းစပ်ညှိနှိုင်း‌ဆောင်ရွက်ခဲ့သည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်ပညာရေးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်း၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ တာဝန်ရှိသူများ၊ အခြေခံပညာ‌ကျောင်းများမှ ကျောင်းအုပ်ကြီးများ တက်ရောက်ခဲ့‌ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)