တမူးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာပေချစ်မြတ်နိုးသူများမှ စာဖတ်ဝိုင်းပြုလုပ်

တမူး၊ စက်တင်ဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စက်တင်ဘာလ (၁၁) ရက်နေ့ ညနေ (၃) နာရီအချိန်က စာပေချစ်မြတ်နိုးသူများမှ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် တမူးမြို့ စာပေချစ်သူများ အဖွဲ့ဝင်ဦးကြုံ​ဒေါင်းနှင့် အဖွဲ့ဝင်များမှ စာရေးဆရာ လူခါး ရေးသားသည့် မန္တလေးကလာတဲ့လူ (ဝတ္ထုတိုများ) စာအုပ်မှ ပန်းများပွင့်စေသတည်း၊ ဝင်လေထွက်လေ၊ ဖွင့်ထားသောတံခါး စသည့်ခေါင်းစဥ် အကြောင်းအရာများဖြင့် ဖတ်ရှုခဲ့ကြပြီး စာအုပ်မှရရှိလာသည့် ဗဟုသုတများကို တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းသို့ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊ တမူးမြို့ရှိ စာပေချစ်မြတ်နိုးသူများ၊စာပေဝါသနာရှင်များတက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတမူးခရိုင်ရုံးမှ ပြည်သူများ စာဖတ်ရှု့သည့်အလေ့အကျင့် ကောင်းများရရှိ​စေရန်နှင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ် အမြင်သစ်များ မျှဝေတတ်စေရန်၊စာအုပ်စာပေမှရရှိသော ဗဟုသုတများဖြင့် အများအကျိုးဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို လစဥ်ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

တမူးခရိုင် (ပြန်/ ဆက်)