မြန်အောင် စက်တင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့အမှတ် (၄) ရပ်ကွက် "မြတ်ဘုန်းသူ"ဆန်စက်မှ ပခန်းဆန် တစ်ပြည် ၂၅၀၀ ကျပ်ဖြင့် လူတစ်ဦးလျင် ဆန် ၂ ပြည်နှုန်း ယနေ့ ညနေက ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဒေသခံ ရပ်ကွက်နေပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် "မြတ်ဘုန်းသူ"ဆန်စက်မှ ဦးနေဝင်းဇော်+ဒေါ်ခင်မာချို သမီးမပွင့်ဦးချယ် မိသားစုတို့က ရပ်ကွက်နေအခြေခံလူ တန်းစားအိမ်ထောင်စုများ ဆန်ကို စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန် ပခန်းဆန် ၅၅၂ ပြည် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ် မြန်အောင်