ကန်ကြီး‌ထောင့်မြို့နယ်တွင် လျှပ်စစ်ဓာတ်အားခ ကြွေးကျန်များရရှိရေး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ၏ ကြီးကြပ်မှုဖြင့် နေ့စဉ်ကွင်းဆင်းဆောင်ရွက်

ကန်ကြီးထောင့် စက်တင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီး‌ထောင့်မြို့နယ်တွင် လျှပ်စစ်ဓာတ်အားခ ကြွေးကျန်များရရှိရေးအတွက် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ၏ကြီးကြပ်မှုဖြင့် စက်တင်ဘာလ (၉) ရက်နေ့မှ စတင်၍ မြို့ပေါ် (၇) ရပ်ကွက် အတွင်းနေ့စဉ် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

 ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဟိန်းဦးပိုင်နှင့်ဝန်ထမ်းများက ဓာတ်အား သုံးစွဲသူပြည်သူများ၏ နေအိမ် အဆောက်အဦများနှင့် အလုပ်ရုံများသို့ သွားရောက်စစ်ဆေး၍ ဓာတ်အားသုံးစွဲမှုနှင့်စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းပြောပြပြီးလျှပ်စစ်ဓာတ်အားခ ကြွေးကျန်များရရှိရေးအတွက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 ထိုသို့ဆောင်ရွက်ရခြင်းမှာ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှု losses များ လျော့ချနိုင်ရေး၊ တရားမဝင်ဓာတ်အား သုံးစွဲမှုမရှိစေရေး၊ ဓာတ်အားသုံးစွဲသူပြည်သူများ ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ လျှပ်စစ်ဓာတ်အားခ ကြွေးကျန်များရရှိရေးတို့အတွက် မြို့ပေါ် (၇) ရပ်ကွက်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)