ငရုတ်ကောင်းမြို့ရှိ ဈေးဆိုင်များတွင် စားအုန်းဆီများ သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ငရုတ်ကောင်း စက်တင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် စားအုန်းဆီများရောင်းချလျက်ရှိသော ဈေးဆိုင်များအား သတ်မှတ်ထား‌သော ဈေးနှုန်း ဖြင့် ရောင်းချခြင်းရှိ/မရှိကို ယနေ့ နေ့လယ်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်‌ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ မြို့အုပ်ချုပ်ရေးမှူး ဦးဝေယံဦး၊ မြို့အမှုဆောင်အရာရှိ ဦးရဲထွန်းဦး၊ ရဲတပ်ဖွဲ့စခန်းမှ ရဲအုပ် ဦးထွန်းလင်းထက်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က စားအုန်းဆီများ ရောင်းချသော ဈေးဆိုင်(၂၅)ဆိုင်အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့‌ကြောင်း သိရသည်။

ငရုတ်ကောင်း(ပြန်/ဆက်)