ဇလွန်မြို့နယ်ပညာရေးမှူးဖလား ကြက်တောင်ပြိုင်ပွဲနှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ဇလွန် စက်တင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၏ ကြက်တောင်ပြိုင်ပွဲနှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း၊ ဟင်္သာတခရိုင်ပညာရေးမှူး ဆရာကြီးဦးတိုးဝင်းတို့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသော ဦးတည်ချက် (၉) ရပ်အနက်မှ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးကို အထောက်အကူပြုနိုင်စေရန် ၊ အားကစားစိတ်ဓာတ်ကို အရင်းခံ၍ ဇွဲရှိမှု ၊ သည်းခံမှု ၊ စိတ်ဓာတ်ကြံ့ခိုင်မှု ၊ စည်းလုံးညီညွတ်မှု ၊ စည်းကမ်းဥပဒေကို လေးစားလိုက်နာမှုစသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်နှင့် လူငယ်မျိုးဆက်သစ် အားကစားသမားများ စဥ်ဆက်မ​​ပြတ် ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ကြသည်။ ယင်းနောက် ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုပြီး အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် မြို့နယ် ပညာရေးမှူးဖလားကြက်တောင်နှင့် စားပွဲတင်တင်းနစ် ပြိုင်ပွဲကို စတင်ယှဥ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကို ( ၁၁ . ၉. ၂၀၂၃ ) ရက်နေ့မှ (၁၃.၉.၂၀၂၃)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ဝေယံ -  ဇလွန် (ပြန် / ဆက်)