မင်းလှ စက်တင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့တွင် မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့က အခြေခံစားသောက်ကုန်များရောင်းချသော ဆိုင်များတွင် အခြေခံလူတန်းစားများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ကွင်းဆင်းစိစစ်ကြပ်မတ်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်၊ စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ မင်းလှမြို့မဈေးကြီးအတွင်း အခြေခံစားသောက်ကုန်ရောင်းချသော ဆိုင်များတွင် အခြေခံလူတန်းစားများနှင့် ဒေသခံပြည်သူများ ဆန်/ဆီနှင့် အခြားအခြေခံစားကုန်များ ဈေးနှုန်းကြီးမြင့်၍ ဝယ်ယူစားသုံးရခြင်း မရှိစေရေး၊ ကုန်စည်ဒိုင်များနှင့် လက်လီ/လက်ကားရောင်းချသော ဈေးဆိုင်များတွင် ဈေးနှုန်းမြင့်တက်ရောင်းချခြင်း မရှိစေရေး၊ သတ်မှတ်နှုန်းများဖြင့် မရောင်းချဘဲ ဈေးကစားခြင်းများ မပြုလုပ်စေရေးအတွက် ကွင်းဆင်းစိစစ်ကြပ်မတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)