လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အခြေခံပညာအလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲဆု‌ပေးပွဲနှင့် စာဖတ်ဝိုင်းကျင်းပ

ညောင်တုန်း စက်တင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ် နိုးသူများအသင်း (Book Club) တို့ ပူးပေါင်း၍ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အခြေခံပညာအလယ်တန်းအဆင့် ပန်းချီ ပြိုင်ပွဲဆု‌ပေးပွဲနှင့် စာဖတ်ဝိုင်းကို ယနေ့ နံနက်ပိုင်း က (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က အဖွင့်အမှာစကားပြောကြားပြီး လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အခြေခံပညာအလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲဆု‌ပေးပွဲတွင် ဆုရရှိသူများအား တာဝန်ရှိသူ များက ဂုဏ်ပြုဆုလက်ဆောင်များပေးအပ်ခဲ့သည်။

ထို့နောက်စာဖတ်ဝိုင်းကို ဆက်လက်ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားပြီ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ ဦးစန်းမြင့်နှင့်  ဆရာရေးဆရာ မင်းဝေမှူး၊ စာရေးဆရာ မြစ်ဝကျွန်းပေါ် လှမှူး၊ စာရေးဆရာ ပန်းတနော် သိန်းအေးတို့က စာရေးဆရာ မောင်ရင့်မာ၊ ကျောင်းကုန်း စုစည်းစီစဉ်သော "အဝေရာတော" အက်ဆေးစာအုပ်ပါ အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးရာ တက်ရောက် လာသည့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များ၊ ကျောင်းသား၊ ကျောင်းသူလေးများနှင့် အတူ ဆွေးနွေးခဲ့‌‌ပြီး အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်/ဆက်)